marketing

ChatGPT Ads တွေအကြောင်း လက်ရှိသိသမျှ

Discover the launch and features of ChatGPT Ads, including its targeting capabilities, ad structure, and limitations in emerging markets.


Launch Date နဲ့ ဈေးကွက်အခြေအနေ

  • ဖေဖော်ဝါရီ ၂၀၂၆: ChatGPT Ads တွေကို အမေရိကန်မှာ Pilot အနေနဲ့ စတင်စမ်းသပ်ခဲ့ပါတယ်။
  • မေ ၂၀၂၆: Ads Manager (Beta) ကို စတင် ဖွင့်လှစ်ပေးခဲ့ပြီး Self-serve စနစ်ကို မိတ်ဆက်ခဲ့ပါတယ်။
  • အစပိုင်း ၆ ပတ်အတွင်းမှာတင် Advertiser ၆၀ဝ ကျော်ပါဝင်လာခဲ့ပြီး တစ်နှစ်စာ ခန့်မှန်းဝင်ငွေ (Annualized Revenue) ဒေါ်လာ သန်း ၁၀ဝ အထိ အလျင်အမြန် ရောက်ရှိခဲ့ပါတယ်။

 

Ad Structure (ကြော်ငြာ တည်ဆောက်ပုံ)

ChatGPT Ads Manager ရဲ့ ဖွဲ့စည်းပုံက ကျွန်တော်တို့ သုံးနေကျ Meta (Facebook) Ads တွေနဲ့ တော်တော်လေး ဆင်တူပါတယ် -

  1. Campaign: Clicks, Reach ဒါမှမဟုတ် Conversions အစရှိတဲ့ အဓိက ရည်ရွယ်ချက်ကို ရွေးချယ်ရပါတယ်။
  2. Ad Group: နေရာဒေသ၊ Platform နဲ့ ဘတ်ဂျက်ကို သတ်မှတ်ရတဲ့ နေရာဖြစ်ပါတယ်။
  3. Ad: ကြော်ငြာအတွက် ခေါင်းစဉ် (Headline)၊ ဖော်ပြချက် (Description)၊ ပုံ (Image) နဲ့ လင့်ခ် တို့ကို ထည့်သွင်းရပါတယ်။

Screenshot 2569-08-22 at 20.08.17

Pros & Cons (အားသာချက် နှင့် အားနည်းချက်များ)

အကြီးမားဆုံး အားသာချက် (Intentional & Conversational Targeting) ChatGPT Ads ရဲ့ အားအကောင်းဆုံး အချက်ကတော့ သုံးစွဲသူရဲ့ ရည်ရွယ်ချက် (Intent) နဲ့ စကားပြောဆိုမှု (Conversation) ပေါ်မှာ အခြေခံပြီး ကြော်ငြာပြသပေးခြင်းပါပဲ။

ဥပမာ - သုံးစွဲသူတစ်ယောက်က အလှအပဆိုင်ရာ ကုသမှု (Aesthetic treatments) တွေအကြောင်း ChatGPT ကို မေးမြန်းနေတဲ့အခါ သင့်ရဲ့ အလှအပဆိုင်ရာ ဆေးခန်း (Clinic) ကြော်ငြာကို "Sponsored" အနေနဲ့ အဖြေအောက်မှာ အတိအကျ သွားရောက် ပြသပေးမှာ ဖြစ်ပါတယ်။ ဒါဟာ တကယ်လိုအပ်နေသူဆီ တိုက်ရိုက်ရောက်ရှိနိုင်တဲ့ အလွန်အားကောင်းတဲ့ စနစ်တစ်ခုပါ။

အားနည်းချက်များ (The Downside)

  • Availability: လက်ရှိမှာ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံတို့လို ဒေသတွေအတွက် Targeting လုပ်လို့ မရသေးပါဘူး။
  • Audience Insight မရှိသေးပါ: Meta Ads လိုမျိုး သုံးစွဲသူတွေရဲ့ စိတ်ဝင်စားမှု (Interests) တွေ၊ အလေ့အကျင့် (Behaviors) တွေကို အသေးစိတ် ပစ်မှတ်ထားလို့ မရသေးပါဘူး။ နေရာဒေသနဲ့ စကားပြောနေတဲ့ အကြောင်းအရာအပေါ်မှာသာ အဓိက အခြေခံထားပါတယ်။

Ad Policies (ကြော်ငြာ စည်းမျဉ်းများ)

ChatGPT ဟာ သုံးစွဲသူတွေရဲ့ ယုံကြည်မှုနဲ့ လုံခြုံရေး (Brand Safety) ကို အလွန်အလေးထားပါတယ်။ နိုင်ငံရေး (Political content) သို့မဟုတ် ကျန်းမာရေးနဲ့ ပတ်သက်တဲ့ (Personal health) Sensitive ဖြစ်တဲ့ စကားပြောဆိုမှုတွေမှာ ကြော်ငြာပြသခွင့် တင်းကျပ်စွာ ကန့်သတ်ထားပါတယ်။ အသေးစိတ်ကို OpenAI ရဲ့ Ad Policies မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

သတိပြုစရာ အချက် (Burmese Language Growth) အခုလို ကန့်သတ်ချက်တွေ ရှိနေသေးပေမယ့်၊ လက်ရှိ Data တွေအရ ChatGPT မှာ မြန်မာ (Burmese) ဘာသာစကား အသုံးပြုမှုဟာ အလျင်အမြန်ဆုံး တိုးတက်လာနေတဲ့ ဘာသာစကားတစ်ခု ဖြစ်နေပါတယ်။ ဒါကြောင့် မကြာခင်မှာ ကျွန်တော်တို့ဆီပါ ဒီကြော်ငြာစနစ် ရောက်လာတဲ့အခါ ဈေးကွက်မှာ နေရာဦးနိုင်ဖို့ ကြိုတင် လေ့လာထားသင့်ပါတယ် ခင်ဗျာ။

Screenshot 2569-08-22 at 20.23.03

Similar posts

Get notified on new marketing insights

Be the first to know about new B2B SaaS Marketing insights to build or refine your marketing function with the tools and knowledge of today’s industry.