---
title: Strategic Consultation | Content Strategy | Brand Architecture
description: Discover how the Marketing Advisory Program (MAP) uses data-driven insights to enhance your business strategy
image: https://www.ammg.marketing/hubfs/About%20Us-1.jpg
---

![AM Rebranding Logo PNG](https://www.ammg.marketing/hubfs/AM%20Rebranding%20Logo%20PNG.png)

- [Home](https://www.ammg.marketing/home?hsLang=en)
- [About](https://www.ammg.marketing/about?hsLang=en)
- [Services](https://www.ammg.marketing/services?hsLang=en)
  
    - [Marketing Advisory Program](https://www.ammg.marketing/map)
- [Courses](https://www.ammg.marketing/courses?hsLang=en)
- [Blog](https://www.ammg.marketing/blog?hsLang=en)
- [Contact](https://www.ammg.marketing/contact?hsLang=en)

# AMMG: System. Clarity

# Marketing Advisory Program (MAP)

**Marketing Consultation based on data.**

MAP ဆိုတာ လုပ်ငန်းရဲ့ ဈေးကွက်၊ ပြိုင်ဘက်တွေ၊  Historical trends နဲ့ Data တွေအပေါ် အခြေခံပြီး လေ့လာဆန်းစစ်ပေးတဲ့ Marketing Advisory ဝန်ဆောင်မှုတစ်ခု ဖြစ်ပါတယ်။ ဒီလေ့လာဆန်းစစ်မှုတွေကနေတစ်ဆင့် လုပ်ငန်း ရှေ့ဆက်ဘာလုပ်သင့်တယ်ဆိုတဲ့ ရှင်းလင်းပြတ်သားတဲ့ မဟာဗျူဟာမြောက် အကြံပြုချက်တွေကို ပေးစွမ်းမှာ ဖြစ်ပါတယ်။

- ဘာတွေ Post တင်သင့်သလဲ
-  ဘယ်အရာတွေကို Boost လုပ်သင့်သလဲ
- ကိုယ့်ရဲ့ ပြိုင်ဘက်တွေကရော ဘာတွေလုပ်နေကြသလဲ
- ကိုယ့်လုပ်ငန်းနယ်ပယ်မှာ ဘယ်လိုအရာတွေက အလုပ်ဖြစ်နေသလဲ
- ကိုယ့်လုပ်ငန်းက ဘယ်နေရာတွေမှာ နောက်ကောက်ကျနေသလဲ
- ဘာတွေကို ပြောင်းလဲလုပ်ဆောင်သင့်သလဲ။

MAP ကတော့ ဒီမေးခွန်းတွေအားလုံးအတွက် တိကျခိုင်လုံတဲ့ အချက်အလက် (Data) တွေနဲ့ အဖြေပေးပါတယ်။

### **အကြံဉာဏ်မပေးခင် အချက်အလက် (Data) တွေကို အရင်ဆုံး လေ့လာဆန်းစစ်ပါတယ်။**

MAP ဟာ Marketing tool များကို အသုံးပြုပြီး လုပ်ငန်းနယ်ပယ်နဲ့ ပြိုင်ဘက်တွေရဲ့ social media channel တွေကနေ ပြီးခဲ့တဲ့ ၃ နှစ်စာအထိရှိတဲ့ စျေးကွက်ရှာဖွေရေးဆိုင်ရာ အချက်အလက်တွေကို လေ့လာဆန်းစစ်ပါတယ်။

- **ဈေးကွက်ရေစီးကြောင်း (Market Trends)** သင့်လုပ်ငန်းနယ်ပယ် တစ်ခုလုံးမှာ ဘာတွေဖြစ်ပျက်နေသလဲ။
- **ပြိုင်ဘက်များ၏ လှုပ်ရှားမှု (Competitor Activities)** ပြိုင်ဘက်တွေက လအလိုက် ဘာတွေလုပ်ဆောင်နေကြသလဲ။
- **Content စွမ်းဆောင်ရည် (Content Performance)** ဘယ်လို အကြောင်းအရာတွေ (Topics)၊ ပုံစံတွေ (Formats) နဲ့ Campaign တွေက ဈေးကွက်ထဲမှာ ပိုမိုကောင်းမွန်တဲ့ တုံ့ပြန်မှု (Engagement) ကို ရရှိစေသလဲ။
- **ရာသီအလိုက် ပြောင်းလဲမှုပုံစံများ (Seasonal Patterns)** တစ်နှစ်ပတ်လုံးမှာ Content တွေနဲ့ ဝယ်ယူသူတွေရဲ့ စိတ်ဝင်စားမှုတွေက ဘယ်လို ပြောင်းလဲသွားသလဲ။
- **သင့်လုပ်ငန်း၏ စွမ်းဆောင်ရည် (Your Performance)** သင့်အမှတ်တံဆိပ်အတွက် ဘယ်အရာတွေက အလုပ်ဖြစ်နေပြီး၊ ဘယ်အရာတွေက အလုပ်မဖြစ်ဘူးလဲ။
- **ဈေးကွက်အတွင်း ရပ်တည်မှု (Market Position)** သင့်ရဲ့ စျေးကွက်ရှာဖွေရေး လုပ်ဆောင်ချက်တွေက ပြိုင်ဘက်တွေနဲ့ နှိုင်းယှဉ်ရင် ဘယ်အခြေအနေမှာ ရှိနေသလဲ။

 

### MAP က ပုံမှန် Marketing Consultation နဲ့ ဘာကွာလဲ?

MAP မှာ အတွေ့အကြုံနဲ့ ခန့်မှန်းပြီး အကြံပေးတာမျိုး မဟုတ်ပါဘူး။ သင့်လုပ်ငန်းရဲ့ အချက်အလက်တွေ၊ ပြိုင်ဘက်တွေရဲ့ လှုပ်ရှားမှုတွေ၊ ဈေးကွက်အခြေအနေနဲ့ အရင်က ရရှိခဲ့တဲ့ ရလဒ်တွေကို လေ့လာဆန်းစစ်ပြီးမှ ဘာဆက်လုပ်သင့်လဲဆိုတာ အကြံပြုပေးတာပါ။

### လုပ်ငန်းအတွက် ဘယ်လိုအချက်အလက်တွေကို လေ့လာပေးမှာလဲ။

လုပ်ငန်းရဲ့ Marketing လုပ်ဆောင်ချက်တွေ၊ Content တွေရဲ့ ရလဒ်၊ ပြိုင်ဘက်တွေရဲ့ လှုပ်ရှားမှု၊ ဈေးကွက်ထဲက စိတ်ဝင်စားမှုအပြောင်းအလဲ၊ လအလိုက်ဖြစ်ပေါ်နေတဲ့ ပုံစံတွေနဲ့ လွန်ခဲ့တဲ့ ၃ နှစ်စာ အချက်အလက်တွေကို လေ့လာဆန်းစစ်ပေးပါတယ်။

### MAP Consultation ပြီးသွားရင် ဘာတွေရမလဲ?

ဈေးကွက်နဲ့ ပြိုင်ဘက်တွေရဲ့ အခြေအနေ၊ ကိုယ့် Brand ရဲ့ လက်ရှိရပ်တည်မှု၊ အားသာချက်နဲ့ လိုအပ်နေတဲ့အချက်တွေ၊ အခွင့်အလမ်းတွေ၊ ဦးစားပေးလုပ်သင့်တဲ့ Marketing လုပ်ဆောင်ချက်တွေနဲ့ နောက်တစ်ဆင့် ဘာလုပ်သင့်လဲဆိုတဲ့ အကြံပြုချက်တွေ ရရှိမှာပါ။

### အကြံပေးပြီးရင် Marketing ကိုပါ လုပ်ပေးမှာလား?

MAP က အချက်အလက်တွေကို လေ့လာဆန်းစစ်ပြီး လုပ်ငန်းအတွက် သင့်တော်တဲ့ Marketing လမ်းကြောင်းနဲ့ လုပ်ဆောင်သင့်တာတွေကို အကြံပေးတဲ့ ဝန်ဆောင်မှုပါ။ အကောင်အထည်ဖော်တဲ့အပိုင်းကိုတော့ သင့်အဖွဲ့က ဆက်လုပ်နိုင်သလို AMMG နဲ့ သီးခြားဆွေးနွေးနိုင်ပါတယ်။

### MAP က ဘယ်လိုလုပ်ငန်းတွေအတွက် သင့်တော်လဲ?

Marketing လုပ်နေပြီးသားဖြစ်ပေမယ့် **“ဘာကို ဦးစားပေးရမလဲ၊ ဘာကို ပြောင်းလဲရမလဲ၊ နောက်တစ်ဆင့် ဘာလုပ်ရမလဲ”** ဆိုတာ မရှင်းလင်းသေးတဲ့ လုပ်ငန်းတွေအတွက် အထူးသင့်တော်ပါတယ်။ ခန့်မှန်းချက်ထက် အချက်အလက်ကို အခြေခံပြီး Marketing ဆုံးဖြတ်ချက်ချချင်တဲ့ လုပ်ငန်းတွေအတွက် ဖြစ်ပါတယ်။

Marketing Advisory Program (MAP) အကြောင်း ပိုမိုသိချင်လိုပါက AMMG နဲ့တိုင်ပင်နိုင်ပါတယ်

 AMMG နဲ့ ဆွေးနွေးကြည့်မယ် →

![AM Rebranding Logo PNG-1](https://www.ammg.marketing/hubfs/AM%20Rebranding%20Logo%20PNG-1.png)

**AM Marketing Group**  
63rd , between 16th & 17th streets  
Mandalay, Myanmar

Room 4B, Building 887B  
Myittar Street, South Okklapa  
Yangon, Myanmar

 

[Powered by Atlas - a B2B SaaS HubSpot theme](https://www.kalungi.com/atlas-hubspot-theme-for-b2b-saas-software)