AMMG: System. Clarity
About Our Courses
AM Marketing Group မှာ လုပ်ငန်းရှင်တွေနဲ့ Marketing Professionals တွေ လက်တွေ့ကြုံတွေ့နေရတဲ့ Marketing Challenges တွေကို အခြေခံပြီး MCM နဲ့ DSS ဆိုတဲ့ Course နှစ်ခုကို ဖန်တီးထားပါတယ်။
Course နှစ်ခုရဲ့ ရည်ရွယ်ချက်က ရိုးရှင်းပါတယ်။
MCM က WHY ကို နားလည်ဖို့၊ DSS က HOW ကို လုပ်တတ်ဖို့ပါ။
MCM — Marketing Clarity Masterclass မှာ Marketing ကို Tools နဲ့ Tactics တွေအနေနဲ့ပဲ မမြင်ဘဲ Business, Customer, Brand နဲ့ Marketing တို့ ဘယ်လိုချိတ်ဆက်နေသလဲ၊ ဘာလုပ်သင့်လဲ၊ ဘာကြောင့်လုပ်သင့်လဲ ဆိုတာကို နားလည်ပြီး မှန်ကန်တဲ့ Marketing Decisions တွေ ချနိုင်ဖို့ အဓိကထားပါတယ်။
DSS — Digital Sales System ကတော့ အဲဒီ Marketing Thinking ကို လက်တွေ့ Sales အဖြစ် ပြောင်းလဲနိုင်ဖို့ ရည်ရွယ်ပါတယ်။ Customer နဲ့ Competitor Analysis ကနေ Content, Media Planning, Advertising, Optimization နဲ့ Automation အထိ Digital Sales System တစ်ခုကို ဘယ်လိုတည်ဆောက်မလဲ ဆိုတာကို လေ့လာသွားမှာ ဖြစ်ပါတယ်။
ဒီ Course နှစ်ခုစလုံးကို Theory သက်သက်မဟုတ်ဘဲ AM Marketing Group ရဲ့ လက်တွေ့ Sales & Marketing Experience နဲ့ SME လုပ်ငန်းတွေနဲ့ အလုပ်လုပ်ခဲ့တဲ့ Experience တွေအပေါ် အခြေခံပြီး ဖန်တီးထားပါတယ်။
Digital Sales System (DSS)
![]()
Digital Sales ကို System ကျကျ လုပ်ချင်သူများအတွက်
Digital Sales System (DSS) ဟာ Digital Marketing ကို အခြေခံနားလည်ထားပြီးသား SME Business Owners, Marketing Professionals နဲ့ Freelancers တွေအတွက် ရည်ရွယ်ထားတဲ့ Intermediate Level Course ဖြစ်ပါတယ်။
Ads Run တာတစ်ခုတည်းကို မသင်ပေးဘဲ Customer Acquisition System တစ်ခုလုံး ကို ဘယ်လိုတည်ဆောက်မလဲ၊ ဘယ်လို Analyze လုပ်မလဲ၊ ဘယ်လို Optimize လုပ်မလဲဆိုတာကို လက်တွေ့အသုံးချနိုင်တဲ့ Framework နဲ့ သင်ကြားပေးမှာ ဖြစ်ပါတယ်။
ဒီ Course က ဘယ်သူတွေအတွက်လဲ?
- SME Business Owners
- Digital Marketing Freelancers
- In-house Marketing Teams
- Meta & TikTok Ads Run နေပြီး Result ပိုကောင်းချင်သူများ
- Digital Marketing Service ပေးချင်သူများ
Level: Intermediate
Course Outcomes
ဒီ Course ပြီးဆုံးတဲ့အခါမှာ သင်ဟာ—
- Digital Customer Acquisition System တစ်ခုကို တည်ဆောက်နိုင်မယ်။
- Competitor Research ကို Data အခြေခံပြီး လုပ်နိုင်မယ်။
- Customer Audience ကို ပိုမိုတိကျစွာ သတ်မှတ်နိုင်မယ်။
- Meta & TikTok Ads Campaign တွေကို Strategy ကျကျ Run နိုင်မယ်။
- Advertising Metrics တွေကို ဖတ်ရှုနားလည်ပြီး Optimize လုပ်နိုင်မယ်။
- AI နဲ့ CRM ကို အသုံးပြုပြီး Sales Process ကို Automate လုပ်နိုင်မယ်။
- Dashboard အသုံးပြုပြီး Marketing Performance ကို စောင့်ကြည့်နိုင်မယ်။
What You’ll Study
Sales Strategy & Customer Journey
Sales Thinking, Customer Journey, Sales Funnel နှင့် Digital Customer Acquisition Framework ကို လေ့လာမယ်။
Competitor & Audience Research
Meta Ad Library, Fanpage Karma နဲ့ Audience Research Tools တွေကို အသုံးပြုပြီး Competitor Analysis နဲ့ Customer Understanding ကို တည်ဆောက်မယ်။
Media Buying & Campaign Optimization
Meta & TikTok Ads, Campaign Structure, Audience Targeting, Budget Allocation, Optimization Techniques နဲ့ Marketing Metrics တွေကို လက်တွေ့အသုံးချနိုင်အောင် သင်ကြားပေးမယ်။
AI Automation & Sales Dashboard
AI Tools, CRM Workflow, Sales Automation နဲ့ Business Dashboard တည်ဆောက်နည်းကို သင်ယူမယ်။
Learning Experience
Learning Hours
Approximately 10 Hours
Learning Style
Self-Paced Learning
Platform
Google Classroom
Course Format
Pre-recorded Video Lessons
Support
Weekly Discussion Sessions (Live Online)
Weekly Discussion Sessions (Live Online)
Course Fee
499,000 MMK
တစ်ကြိမ်သာ ပေးချေပြီး Course Videos များကို မိမိအချိန်အလိုက် လေ့လာနိုင်ပါသည်။ Weekly Discussion Sessions များတွင်လည်း ပါဝင်ဆွေးနွေးနိုင်ပါသည်။
Marketing Clarity Masterclass (MCM)
![]()
Marketing ကို အခြေခံကနေ Strategy ကျကျ နားလည်ချင်သူများအတွက်
Marketing Clarity Masterclass (MCM) ဟာ Marketing ကို အပိုင်းအစလိုက် မဟုတ်ဘဲ Business တစ်ခုလုံးအတွက် Marketing System အနေနဲ့ နားလည်ချင်တဲ့ SME Business Owners, Entrepreneurs, Marketing Professionals နဲ့ Aspiring Marketers တွေအတွက် ရည်ရွယ်ထားတဲ့ Beginner to Intermediate Level Course ဖြစ်ပါတယ်။
Marketing ဆိုတာ Ads Run တာတစ်ခုတည်း မဟုတ်ပါဘူး။ Brand, Customer, Content, Digital Marketing, CRM, AI နဲ့ Team Management တို့ကို ဘယ်လိုချိတ်ဆက်ပြီး Business Growth ရရှိအောင် လုပ်မလဲဆိုတာကို Practical Framework နဲ့ သင်ကြားပေးမှာ ဖြစ်ပါတယ်။
ဒီ Course က ဘယ်သူတွေအတွက်လဲ?
- SME Business Owners
- Entrepreneurs & Startup Founders
- Marketing Executives
- Fresh Graduates & Aspiring Marketers
- Marketing ကို Strategy ကျကျ နားလည်ချင်သူများ
Level: Beginner to Intermediate
Course Outcomes
ဒီ Course ပြီးဆုံးတဲ့အခါမှာ သင်ဟာ—
- Marketing ကို System တစ်ခုအနေနဲ့ နားလည်လာမယ်။
- Strong Brand တစ်ခုကို ဘယ်လိုတည်ဆောက်ရမလဲ သိလာမယ်။
- Target Customers ကို ပိုမိုနားလည်ပြီး Positioning လုပ်နိုင်မယ်။
- Content Marketing Strategy တစ်ခုကို ရေးဆွဲနိုင်မယ်။
- Digital Marketing Ecosystem ကို နားလည်ပြီး Channel မှန်မှန် ရွေးချယ်နိုင်မယ်။
- CRM နဲ့ Customer Relationship ကို စနစ်တကျ တည်ဆောက်နိုင်မယ်။
- AI Tools ကို Marketing Workflow ထဲမှာ အသုံးချနိုင်မယ်။
- Marketing Team ကို KPI အခြေခံပြီး စီမံခန့်ခွဲနိုင်မယ်။
What You’ll Study
Marketing Foundations & Branding
Marketing Principles, Brand Strategy, Brand Positioning, Customer Insights နဲ့ Marketing Framework တွေကို လေ့လာမယ်။
Content & Digital Marketing
Content Strategy, Digital Marketing Ecosystem, Social Media, Advertising Fundamentals နဲ့ Customer Journey ကို နားလည်လာမယ်။
CRM, AI & Marketing Operations
CRM Systems, AI for Marketing, Marketing Automation, KPI Setting နဲ့ Team Collaboration ကို လက်တွေ့အသုံးချနိုင်အောင် သင်ကြားပေးမယ်။
Learning Experience
Learning Hours
Approximately 10 Hours
Learning Style
Self-Paced Learning
Platform
Google Classroom
Course Format
Pre-recorded Video Lessons
Support
Weekly Discussion Sessions (Live Online)
Course Fee
499,000 MMK
တစ်ကြိမ်သာ ပေးချေပြီး Course Videos များကို မိမိအချိန်အလိုက် လေ့လာနိုင်ပါသည်။ Weekly Discussion Sessions များတွင်လည်း ပါဝင်ဆွေးနွေးနိုင်ပါသည်။
Instructor Profile
Dr. Min Chit Zaw
Founder & CEO@ AM Marketing Group
MBBS (University of Medicine, Mandalay)
MSc in Digital Marketing (Harbour.Space @ UTCC, Bangkok)
Meta Certified Media Buyer & Media Planning Professional

Dr. Min Chit Zaw သည် Sales, Marketing နှင့် Business Growth နယ်ပယ်များတွင် ၁၀ နှစ်ကျော် အတွေ့အကြုံရှိသော Digital Marketing Strategist, စီးပွားရေးလုပ်ငန်းရှင် (Entrepreneur) နှင့် သင်တန်းပို့ချသူ (Educator) တစ်ဦးဖြစ်ပါသည်။
၂၀၁၄ ခုနှစ်တွင် မန္တလေးဆေးတက္ကသိုလ် မှ MBBS ဘွဲ့ရရှိခဲ့ပြီးနောက် Pfizer တွင် MEGA Lifesciences နှင့် DKSH တို့မှတစ်ဆင့် Key Account Manager အဖြစ် ၈ နှစ်နီးပါး တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ထိုကာလအတွင်း Strategic Sales, Customer Relationship Management (CRM) နှင့် Healthcare Marketing နယ်ပယ်များတွင် လက်တွေ့ကျသော အတွေ့အကြုံများကို ရရှိခဲ့ပါသည်။
၂၀၂၂ ခုနှစ်တွင် AM Marketing Group ကို စတင်တည်ထောင်ခဲ့ပြီး Digital Marketing, Branding, Advertising, Website Development နှင့် Marketing Automation ဝန်ဆောင်မှုများမှတစ်ဆင့် မြန်မာနိုင်ငံနှင့် နိုင်ငံတကာရှိ SME လုပ်ငန်းရာပေါင်းများစွာ ကို တိုးတက်အောင် ကူညီပေးလျက်ရှိပါသည်။
Digital Marketing ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများကို ပိုမိုတိုးတက်စေရန် Harbour.Space @ University of the Thai Chamber of Commerce (Bangkok) တွင် Master of Science in Digital Marketing ဘွဲ့ကို ဆည်းပူးခဲ့ပြီး Meta Blueprint Professional Certifications များဖြစ်သော Media Buying နှင့် Media Planning လက်မှတ်များကိုလည်း ရရှိထားပါသည်။
လက်ရှိတွင် Dr. Min Chit Zaw သည် လုပ်ငန်းရှင်များနှင့် Marketing Professionals များအတွက် လက်တွေ့အသုံးချနိုင်ပြီး Data အခြေပြု Marketing System များ တည်ဆောက်နိုင်စေရန် အဓိကထား သင်ကြားပေးလျက်ရှိပါသည်။ သင်ကြားမှုများတွင် Real-world Case Studies, စမ်းသပ်ပြီးဖြစ်သော Frameworks နှင့် လက်တွေ့လုပ်ငန်းအတွေ့အကြုံများ ကို ပေါင်းစပ်ထားသောကြောင့် သင်ယူသူများအနေဖြင့် သင်ခန်းစာများကို မိမိတို့၏ လုပ်ငန်းများတွင် ချက်ချင်းအသုံးချနိုင်မည်ဖြစ်ပါသည်။
Here’s What They Say!
The class as it named wants marketing to be clearer. Ironically, if there were a test after the class, I would definitely scored lower than before! 😝 But it doesn't mean the lecture wasn't clear, I just realized how little I actually knew. It's like a whole new world for me! As an operational manager, when I feel the subject is quite challenging and difficult to put them practice in real world by myself🥲, one of your takeaways pointed out that marketing is never as simple as creating content and posting videos, it needs to be aligned with on-ground operations. That really gives me new insight😌. Besides, I really appreciate how considerate you are, ako. You always give examples that relate to our businesses. That made the learning experience much more wonderful and I understand now why the class is limited a few people only.
Dr. Yu Shwe Yi Lin
Co-Founder | Hexa Aesthetic & Wellness
Branding is essential.
Thinzar Lin Lae
Founder | Younique Handmade Press-on Nails
အတန်းကိုမပျက်မကွက်ပဲတက်ဖူးတာဒီသင်တန်းပဲရှိသေးတယ်
Yan Lin Htet
Founder | AiO Digital Marketing
Frequently Asked Questions (FAQs)
ဒီသင်တန်းက ဘယ်သူတွေအတွက် သင့်တော်လဲ?
DSS (Digital Sales System) သင်တန်းဟာ Online မှာ ကုန်ပစ္စည်း (သို့) ဝန်ဆောင်မှု ရောင်းချနေတဲ့ SME လုပ်ငန်းရှင်များ၊ Marketing သမားများ၊ Freelancer များအတွက် အထူးသင့်တော်ပါတယ်။ Meta Ads (သို့) TikTok Ads ကို အနည်းငယ်အသုံးပြုဖူးပေမယ့် ရလဒ်မတည်ငြိမ်သေးသူများအတွက် အထူးအကျိုးရှိပါတ
သင်တန်းကို ဘယ်လိုတက်ရမလဲ?
သင်တန်းအပ်ပြီးတာနဲ့ Google Classroom ကနေ ချက်ချင်းစတင်လေ့လာနိုင်ပါတယ်။ Video တွေကို ကိုယ့်အချိန်နဲ့ကိုယ် ပြန်ကြည့်နိုင်ပြီး အချိန်မရွေး လေ့လာနိုင်ပါတယ်။
မေးခွန်းရှိရင် ဘယ်လိုမေးလို့ရမလဲ?
သင်တန်းသားတိုင်းအတွက် ၆ လကြာ Discussion Group ကို ဝင်ရောက်နိုင်ပါတယ်။ သင်ခန်းစာနဲ့ပတ်သက်တဲ့ မေးခွန်းတွေ မေးနိုင်ပြီး Instructor နဲ့ အခြားသင်တန်းသားတွေနဲ့လည်း ဆွေးနွေးနိုင်ပါတယ်။
သင်တန်းပြီးရင် ဘာတွေရရှိမလဲ?
Customer Analysis, Competitor Analysis, Meta & TikTok Ads, AI Sales Automation နဲ့ Sales Dashboard တည်ဆောက်နည်းအထိ သင်ယူရမှာဖြစ်ပြီး၊ Digital Sales System တစ်ခုလုံးကို ကိုယ်တိုင်တည်ဆောက်နိုင်တဲ့ အရည်အချင်း ရရှိလာပါမယ်။
သင်တန်းကို ဘယ်လောက်ကြာအောင် ကြည့်လို့ရမလဲ?
သင်တန်း Video များကို အချိန်မရွေး ပြန်လည်ကြည့်ရှုနိုင်ပါတယ်။ သင်ယူနှုန်းကို ကိုယ်တိုင် သတ်မှတ်နိုင်တာကြောင့် အလုပ်လုပ်ရင်းလည်း အဆင်ပြေပါတယ်။
Discussion session ကို သင်တန်းအပ်ပြီးကာလမှ (၆)လအတွင်း join နိုင်ပါတယ်။
သင်တန်းတက်ဖို့ Marketing အတွေ့အကြုံရှိဖို့ လိုပါသလား?
Marketing အခြေခံနည်းနည်း သိထားရင် ပိုအဆင်ပြေပါတယ်။ ဒါပေမယ့် Online Business လုပ်နေသူ၊ Ads Run ဖူးသူ၊ Freelancer ဖြစ်သူတွေဆိုရင် လိုက်နိုင်တဲ့ အဆင့်နဲ့ သင်ကြားပေးထားပါတယ်။
ဒီသင်တန်းပြီးရင် လုပ်ငန်းမှာ ချက်ချင်းအသုံးချနိုင်မလား?
ရပါတယ်။ သင်ခန်းစာတိုင်းကို လက်တွေ့လုပ်ငန်းတွေမှာ အသုံးချနိုင်အောင် Case Study နဲ့ Practical Framework တွေကို အခြေခံပြီး ရေးဆွဲထားပါတယ်။