Letter from our CEO

ကျွန်တော်ဟာ ၂၀၁၄ ခုနှစ်မှာ ဆေးတက္ကသိုလ် (မန္တလေး)မှဘွဲ့ရရှိပြီးနောက် Pharmaceutical Industry ထဲမှာ Key Account Manager တစ်ဦးအဖြစ် (၈) နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ အဲဒီကာလတွေမှာ စီးပွားရေးလုပ်ငန်းတွေ ဘယ်လိုတိုးတက်လာသလဲ၊ Market တွေ ဘယ်လိုပြောင်းလဲလာသလဲဆိုတာတွေကို လေ့လာခွင့်ရခဲ့သလို၊ Strategic Relationships တွေက ရေရှည်အောင်မြင်မှုအတွက် ဘယ်လောက်အရေးပါတယ်ဆိုတဲ့ အဖိုးတန်အတွေ့အကြုံတွေကိုလည်း ရရှိခဲ့ပါတယ်။

၂၀၂၂ ခုနှစ်မှာတော့ ရှုပ်ထွေးလှတဲ့ Marketing လောကထဲမှာ လုပ်ငန်းရှင်တွေကို အကောင်းဆုံး ကူညီပေးနိုင်ဖို့ ရည်ရွယ်ပြီး AM Marketing Group (AMMG) ကို စတင်တည်ထောင်ခဲ့ပါတယ်။

လုပ်ငန်းစတင်ချိန်မှာတော့ ကျွန်တော်တို့ဟာ Creative Production နဲ့ Content Development ပိုင်းကို အဓိကထား လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမဲ့ လုပ်ငန်းရှင်များစွာနဲ့ လက်တွဲလုပ်ကိုင်ရင်း ပြောင်းလဲလာတဲ့ Marketing Landscape ကို စောင့်ကြည့်လေ့လာမိတဲ့အခါမှာတော့ အောင်မြင်တဲ့ Marketing တစ်ခုဖြစ်ဖို့ဆိုတာ Campaign တစ်ခုချင်းစီ ဒါမှမဟုတ် သီးခြား Solution တစ်ခုချင်းစီထက် ပိုမိုလိုအပ်တယ်ဆိုတာကို ကျွန်တော်တို့ သဘောပေါက်လာခဲ့ပါတယ်။

Marketing နယ်ပယ်ဟာ အင်မတန်မြန်ဆန်စွာ ပြောင်းလဲနေပါတယ်။ Platform တွေကလည်း အမြဲပြောင်းနေသလို၊ နည်းပညာတွေကလည်း တိုးတက်နေပြီး Customer behavior တွေကလည်း အစဉ်တစိုက် ပြောင်းလဲနေတာပါ။

ဒါကြောင့်လည်း ကျွန်တော်နဲ့ ကျွန်တော့်ရဲ့ Team ဟာ Client များအတွက် ပိုမိုခိုင်မာတဲ့ Marketing Systems တွေ တည်ဆောက်ပေးတဲ့ဘက်ကို အာရုံစိုက် ပြောင်းလဲခဲ့ပါတယ်။ ဒီ System တွေထဲမှာ Strategy, Creativity, Data နဲ့ Technology တို့ကို ပေါင်းစပ်ပြီး ရေရှည်တည်တံ့တဲ့ တိုးတက်မှု (Sustainable Growth) ရရှိအောင် စနစ်တကျ ဖန်တီးပေးထားပါတယ်။ ခေတ်နဲ့အညီ ပေါ်ထွက်လာတဲ့ AI-powered agents တွေနဲ့ Advanced Marketing Technologies တွေထဲကမှ သင့်တော်တဲ့ နည်းပညာသစ်တွေကို အသုံးချပြီး ဒီ System တွေကို ပိုမိုအားကောင်းလာအောင် ကျွန်တော်တို့ ဖြည့်ဆည်းပေးနေပါတယ်။

AMMG မှာ ကျွန်တော်တို့ အလေးအနက် ယုံကြည်ထားတာကတော့ "စဉ်ဆက်မပြတ် လေ့လာသင်ယူခြင်းနဲ့ လိုက်လျောညီထွေ ပြောင်းလဲခြင်း" ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ Team အနေနဲ့ အမြဲပြောင်းလဲနေတဲ့ Marketing environment ကို စဉ်ဆက်မပြတ် လေ့လာနေတာကြောင့် လုပ်ငန်းရှင်များအနေနဲ့လည်း ခေတ်ရဲ့အပြောင်းအလဲနဲ့အညီ ရှေ့ဆက်နိုင်မှာ ဖြစ်ပါတယ်။

မိတ်ဆွေတို့ရဲ့ Marketing ပိုမိုမြန်ဆန်သွက်လက်လာဖို့နဲ့ လုပ်ငန်းရဲ့ အလားအလာတွေကို အပြည့်အဝ ဖော်ဆောင်နိုင်ဖို့အတွက် ကျွန်တော်တို့ အစဉ်တစိုက် ကြိုးစားအားထုတ်သွားမှာပါ။

ကျွန်တော်တို့အပေါ် ယုံကြည်မှုအပြည့်နဲ့ လက်တွဲလုပ်ကိုင်ပေးကြတဲ့အတွက် အထူးပင် ကျေးဇူးတင်ရှိပါတယ်။

 

လေးစားစွာဖြင့်၊

Dr. Min Chit Zaw

Founder, AM Marketing Group (AMMG)

 

Profile
About Us

ကျွန်တော်တို့နဲ့ လက်တွဲလုပ်ကိုင်ရတာဟာ ပျော်ရွှင်စရာကောင်းမယ် (Fun)မြန်ဆန်သွက်လက်မယ် (Fast)၊ ပြီးတော့ ရလဒ်အပေါ်မှာပဲ တိတိကျကျ အာရုံစိုက်မယ် (Focused)

 - AM Team