Marketing Solution ထက် Marketing System တည်ဆောက်ပါ
Growth Marketing System (GMS)
Growth Marketing System (GMS) ဆိုတာ မြန်မာ SME တွေအတွက် သီးသန့်ဖန်တီးပေးထားတဲ့ Marketing System Blueprint ဖြစ်ပါတယ်။
Marketing ကို တစ်ခုချင်းစီ လုပ်ပေးတာမဟုတ်ဘဲ၊ သင့်လုပ်ငန်းအတွက် လိုအပ်တဲ့ Marketing စနစ်တစ်ခုလုံးကို အစကနေ အဆုံးအထိ တည်ဆောက်ပေးတဲ့ ဝန်ဆောင်မှု ဖြစ်ပါတယ်။
GMS ထဲမှာ—
- Marketing Strategy
- Website & Landing Pages
- Customer စီမံခန့်ခွဲမှု (CRM)
- Content System
- Advertising System
- Smart Dashboard
- AI Ready System
- Marketing Playbook နဲ့ Team Training
စတဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတွေကို တစ်ခုနဲ့တစ်ခု ချိတ်ဆက်ပြီး တည်ဆောက်ပေးပါတယ်။
Project ပြီးသွားတဲ့အခါ System တစ်ခုလုံးဟာ သင့်လုပ်ငန်းပိုင် ဖြစ်သွားပါတယ်။ ကိုယ့် Team နဲ့ ဆက်လက်အသုံးပြုနိုင်သလို၊ လိုအပ်တဲ့အချိန်မှာ AM Marketing Group ရဲ့ အကူအညီကိုလည်း ရယူနိုင်ပါတယ်။
Growth Marketing System (GMS) က Marketing Service မဟုတ်ပါဘူး။ Marketing ကို စနစ်တကျ လည်ပတ်နိုင်ဖို့ သင့်လုပ်ငန်းအတွက် တည်ဆောက်ပေးတဲ့ Marketing System ဖြစ်ပါတယ်။
GMS မှာ Website က ဘာအတွက် လိုအပ်တာလဲ?
လူတော်တော်များများက Website ဆိုတာ ကုမ္ပဏီအကြောင်း ကြည့်ဖို့ပဲ လို့ ထင်ကြပါတယ်။
ဒါပေမယ့် Growth Marketing System (GMS) မှာ Website က အဲ့ဒီထက် အများကြီး ပိုအရေးကြီးပါတယ်။
Website ကို Facebook, Instagram, TikTok, LinkedIn စတဲ့ Social Media Platform တွေနဲ့ ချိတ်ဆက်ထားတဲ့အတွက် Website မရှိတဲ့ ပြိုင်ဘက်တွေ မလုပ်နိုင်တဲ့ Media Buying Strategy နဲ့ Marketing လုပ်ဆောင်မှုအချို့ကို အသုံးပြုနိုင်ပါတယ်။
ဒါ့အပြင် Customer တွေရဲ့ လုပ်ဆောင်ချက်တွေကို တိုင်းတာနိုင်မယ်၊ ကြော်ငြာတွေကို ပိုတိကျတဲ့ လူအုပ်စုဆီ ရောက်အောင် လုပ်နိုင်မယ်၊ Marketing Budget ကိုလည်း ပိုထိရောက်စွာ အသုံးပြုနိုင်ပါတယ်။
Website က လှပဖို့အတွက်ပဲ မဟုတ်ပါဘူး။ Marketing ကို ပိုထိရောက်ပြီး ရေရှည်အောင်မြင်စေဖို့ အခြေခံအုတ်မြစ်တစ်ခု ဖြစ်ပါတယ်။
GMS က Marketing Packages တွေနဲ့ ဘာကွာလဲ?
Marketing package အများစုက လစဉ် Content ရေးပေးတာ၊ Ads Run ပေးတာ၊ Design လုပ်ပေးတာ စတဲ့ Marketing Solutions တွေပါ။
Growth Marketing System (GMS) ကတော့ အဲဒီ Service တွေထက် ပိုပြီး အခြေခံကျပါတယ်။ ဘယ်လို Marketing Solutions တွေကို ဘယ်အချိန်တွေမှာ ဘာကြောင့် လုပ်သင့်တယ်ဆိုတာ အဖြေရှာပေးမယ့် Marketing System ပါ
GMS က ဘယ်လိုလုပ်ငန်းတွေအတွက် သင့်တော်လဲ?
Marketing ကို ရေရှည်စနစ်တကျ တည်ဆောက်ချင်တဲ့ SME လုပ်ငန်းတိုင်းအတွက် သင့်တော်ပါတယ်။
ဥပမာ—
- Aesthetic Clinics
- Hospitals
- Education
- Retail
- Manufacturing
- Distribution
- Professional Services
- B2B Businesses
GMS တည်ဆောက်ဖို့ ဘယ်လောက်ကြာမလဲ?
လုပ်ငန်းအရွယ်အစားနဲ့ လိုအပ်ချက်ပေါ်မူတည်ပြီး အများအားဖြင့် တစ်လခန့် အတွင်း အပြီးတည်ဆောက်ပေးနိုင်ပါတယ်။
GMS ထဲမှာ AI ပါဝင်လား?
ကျွန်တော်တို့က လက်ရှိ Marketing System ကိုပဲ မတည်ဆောက်ပေးတာမဟုတ်ဘဲ၊ နောင်မှာ AI Tools တွေကို အလွယ်တကူ အသုံးပြုနိုင်အောင် AI Ready System အဖြစ် ကြိုတင်ပြင်ဆင်ပေးပါတယ်။
GMS မှာ Content တွေရော ပါမှာလား?
ပါပါတယ်။
GMS မှာ အကြိမ်ကြိမ် ပြန်လည်အသုံးပြုနိုင်တဲ့ Evergreen Content တွေကို ဦးစားပေး ရေးဆွဲပေးပါတယ်။
10–15 ခုခန့်သော အခြေခံ Content တွေကို Plan ထဲမှာ ထည့်သွင်းပေးမှာဖြစ်ပြီး၊ အဲဒီ Content တွေကို အမျိုးမျိုး ပြန်လည်အသုံးပြု၊ ပြင်ဆင်ပြီး လပေါင်းများစွာ၊ နှစ်ပေါင်းများစွာ အသုံးပြုနိုင်ပါတယ်။
ရည်ရွယ်ချက်က Content တွေကို အမြဲအသစ်စဉ်းစားနေရတာမဟုတ်ဘဲ၊ ရေရှည်အသုံးဝင်တဲ့ Content Library တစ်ခု တည်ဆောက်ပေးဖို့ ဖြစ်ပါတယ်။
GMS တည်ဆောက်ဖို့ ဘာတွေပြင်ဆင်ပေးရမလဲ?
အများကြီး ပြင်ဆင်စရာ မလိုပါဘူး။
အရေးကြီးဆုံးက ကျွန်တော်တို့နဲ့ အချိန်ပေးပြီး ဆွေးနွေးဖို့ ပါပဲ။
GMS က လုပ်ငန်းတိုင်းအတွက် တစ်ပုံစံတည်း မဟုတ်တဲ့အတွက်၊ သင့်လုပ်ငန်းအကြောင်း၊ Customer တွေ၊ ရည်မှန်းချက်တွေ၊ လက်ရှိ Marketing လုပ်ပုံလုပ်နည်းတွေကို နားလည်နိုင်ဖို့ မေးခွန်းအများကြီး မေးပါမယ်။
အဲဒီအချက်အလက်တွေကို အခြေခံပြီး သင့်လုပ်ငန်းနဲ့ အကိုက်ညီဆုံး၊ သင့်လုပ်ငန်းအတွက်ပဲ ရည်ရွယ်တည်ဆောက်ထားတဲ့ Growth Marketing System (GMS) ကို ဒီဇိုင်းဆွဲပြီး တည်ဆောက်ပေးမှာ ဖြစ်ပါတယ်။
GMS က အဆင်သင့်ရှိတဲ့ Template တစ်ခု မဟုတ်ပါဘူး။ သင့်လုပ်ငန်းအတွက် သီးသန့်တည်ဆောက်ပေးတဲ့ Marketing System ဖြစ်ပါတယ်။
Can I change my plan later?
Lorem ipsum dolor sit amet, consectetur adipiscing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation ullamco laboris nisi ut aliquip ex ea commodo consequat. Duis aute irure dolor in reprehenderit in voluptate velit esse cillum dolore eu fugiat nulla pariatur.
GMS ထဲမှာ Competitor Analysis ပါဝင်လား?
ကျွန်တော်တို့က သင့်ရဲ့ အဓိကပြိုင်ဘက်တွေကို Facebook, TikTok နဲ့ အခြားသက်ဆိုင်ရာ Digital Platform တွေမှာ လွန်ခဲ့တဲ့ ၃ နှစ်ခန့်အထိ ဘယ်လို Marketing လုပ်ခဲ့လဲဆိုတာကို အသေးစိတ် လေ့လာဆန်းစစ်ပေးပါတယ်။
အဲဒီကနေ—
- ဘယ်လို Content တွေကို အများဆုံး အသုံးပြုထားလဲ
- ဘယ်အချိန်တွေမှာ Campaign တွေ လုပ်လေ့ရှိလဲ
- ရာသီအလိုက် Marketing Trend တွေက ဘာတွေလဲ
- ဘယ် Strategy တွေကို ထပ်ခါထပ်ခါ အသုံးပြုနေလဲ
- အနီးစပ်ဆုံး အနာဂတ်မှာ ဘယ်လိုလှုပ်ရှားမှုတွေ ဖြစ်လာနိုင်လဲ
စတာတွေကို သုံးသပ်ပေးပြီး သင့်လုပ်ငန်းက ဘယ်လိုကွဲပြားပြီး ယှဉ်ပြိုင်နိုင်မလဲဆိုတဲ့ အကြံပြုချက်တွေကိုပါ ထည့်သွင်းပေးပါတယ်။
ရည်ရွယ်ချက်က ပြိုင်ဘက်နောက်လိုက်ဖို့ မဟုတ်ဘဲ၊ သူတို့ရဲ့ အားသာချက်၊ အားနည်းချက်နဲ့ Market Trend တွေကို နားလည်ပြီး ပိုကောင်းတဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်ဖို့ ဖြစ်ပါတယ်။
GMS ပြီးသွားရင် ဘာဆက်လုပ်ရမလဲ?
GMS ပြီးသွားတဲ့အခါ Marketing System တစ်ခုလုံးဟာ သင့်လုပ်ငန်းပိုင် ဖြစ်သွားပါတယ်။
ကျွန်တော်တို့ပေးထားတဲ့ Marketing Playbook၊ SOPs နဲ့ လမ်းညွှန်စာအုပ်တွေ ကို အခြေခံပြီး သင်ကိုယ်တိုင် ဒါမှမဟုတ် သင့် Team က ဆက်လက်အသုံးပြုနိုင်ပါတယ်။
တစ်ဖက်မှာလည်း AM Marketing Group ကို အမြဲတမ်း အပ်ထားဖို့ မလိုပါဘူး။
လိုအပ်တဲ့ ဝန်ဆောင်မှုတွေကိုပဲ ရွေးချယ်ပြီး အပ်နှံနိုင်ပါတယ်။ ဥပမာ—
- Media Buying
- Content Creation
- Website Maintenance
- SEO
- Email Marketing
- Graphic Design
စတဲ့ ဝန်ဆောင်မှုတွေကို လိုအပ်တဲ့အချိန်မှာသာ ရွေးချယ်အသုံးပြုနိုင်ပါတယ်။
ဒါ့အပြင် Campaign အသစ်တွေ၊ Marketing Strategy တွေ၊ လုပ်ငန်းတိုးချဲ့မယ့် အစီအစဉ်တွေအတွက်လည်း ကျွန်တော်တို့နဲ့ အချိန်မရွေး ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။
GMS ရဲ့ ရည်ရွယ်ချက်က သင့်လုပ်ငန်းကို Agency အပေါ် မမှီခိုဘဲ Marketing ကို ကိုယ်တိုင် စနစ်တကျ လည်ပတ်နိုင်အောင် တည်ဆောက်ပေးတာ ဖြစ်ပါတယ်။