marketing

Marketing System က Marketing Solutions ထက် ဘာကြောင့် ပိုအရေးကြီးတာလဲ?

Discover why a robust Marketing System is crucial for long-term business success over short-term Marketing Solutions.


စီးပွားရေးလုပ်ငန်း တော်တော်များများက "ရောင်းအားတက်ချင်တယ်၊ ကြော်ငြာပေးပါ" ဆိုပြီး Marketing Solutions (ရေတိုလေးတွေ) ကိုပဲ အာရုံစိုက်တတ်ကြပါတယ်။ ဒါပေမဲ့ ရေရှည်မှာ တကယ်အောင်မြင်ဖို့ဆိုရင် ခိုင်မာတဲ့ Marketing System တစ်ခုရှိဖို့ လိုအပ်ပါတယ်။

၁။ Marketing Solutions ဆိုတာ ဘာလဲ?

Marketing Solutions ဆိုတာ ပြဿနာတစ်ခုချင်းစီကို လိုက်ဖြေရှင်းတဲ့ "လက်နက်တွေ" ဖြစ်ပါတယ်။

  • Creative ဒီဇိုင်းလှလှလေးတွေ ဆွဲတာ။
  • Video Content ကောင်းကောင်းတွေ ထုတ်တာ။
  • Influencer တွေနဲ့ ချိတ်ဆက်တာ။
  • Ads (ကြော်ငြာ) ကို ပိုက်ဆံသုံးပြီး Run တာ။

ဒါတွေက ကောင်းပါတယ်။ ဒါပေမဲ့ System မရှိရင် ဒီအရာတွေက "တစ်ခုနဲ့တစ်ခု ချိတ်ဆက်မှုမရှိဘဲ" ငွေကုန်ပြီး ထိရောက်မှု နည်းသွားတတ်ပါတယ်။

၂။ Marketing System ဆိုတာ ဘာလဲ?

Marketing System ဆိုတာ အပေါ်က လက်နက်အားလုံးကို စနစ်တကျ ချိတ်ဆက်ထားတဲ့ "စက်ယန္တရား" ကြီးတစ်ခုဖြစ်ပါတယ်။ ဥပမာအားဖြင့် -

  • Social Channels: (Facebook, TikTok) ကနေ လူတွေ သတိထားမိအောင် လုပ်မယ်။
  • Community: (Facebook Group, Viber, Telegram) ထဲကို လူတွေကို စုစည်းပြီး ယုံကြည်မှု တည်ဆောက်မယ်။
  • Website: အချက်အလက်အစုံအလင်ကို Website မှာ ပြမယ်။
  • CRM: (Customer Relationship Management) စနစ်နဲ့ ဝယ်သူဟောင်း၊ ဝယ်သူသစ် အချက်အလက်တွေကို သေချာ သိမ်းဆည်းပြီး ပြန်လည်ရောင်းချမယ် (Retargeting)။
  • AI Agent: ဒီဘက်ခေတ်မှာ တချို့ Task တွေကို Automation, AI Agent တွေကို ခိုင်းထားမယ်။

ဒီအဆင့်တွေကို အချိတ်အဆက်မိမိ အသုံးပြုတာကို System လို့ ခေါ်ပါတယ်။


 ဘာကြောင့် သင့်လုပ်ငန်းမှာ Marketing System ရှိရမှာလဲ?

  1. ငွေမဖြုန်းတီးတော့ဘူး: ကြော်ငြာခတွေ ပိုက်ဆံအလကား ကုန်တာမျိုး မဖြစ်တော့ဘဲ ထိရောက်တဲ့နေရာမှာပဲ သုံးဖြစ်မယ်။
  2. ရေရှည်တည်တံ့မယ်: ခေတ်ရေစီးကြောင်းတွေ ဘယ်လိုပြောင်းပြောင်း သင့်မှာ ခိုင်မာတဲ့ System ရှိနေရင် ဝယ်သူတွေက သင့်ဆီမှာပဲ ရှိနေမှာပါ။
  3. တိုင်းတာလို့ရတယ်: ဘယ် Channel ကနေ လူဘယ်နှစ်ယောက်လာလဲ၊ ဘယ်သူက ဝယ်သွားလဲဆိုတာကို CRM နဲ့ Website ကနေ တိတိကျကျ သိနိုင်ပါတယ်။
  4. အလိုအလျောက်လည်ပတ်နိုင်တယ် (Automation): System ကောင်းရင် သင်အိပ်နေချိန်မှာတောင် မားကတ်တင်းက အလုပ်လုပ်နေမှာပါ။

အနှစ်ချုပ်ရရင်

Marketing Solutions တွေက ခဏတာ ရောင်းအားတက်ဖို့ ကူညီပေးနိုင်ပေမဲ့၊ Marketing System ကသာ သင့်လုပ်ငန်းကို ရေရှည်မှာ ခိုင်ခိုင်မာမာ မောင်းနှင်ပေးမှာပါ။

"စနစ်မရှိတဲ့ ရေတိုဖြေရှင်းမှုတွေက ရေရှည်မှာလမ်းပျောက်စေနိုင်ပါတယ်"

#MarketingSystem #BusinessGrowth #MarketingStrategy #DigitalMarketingMyanmar #CRM #BusinessSuccess

 

Blog Image

 

Get notified on new marketing insights

Be the first to know about new B2B SaaS Marketing insights to build or refine your marketing function with the tools and knowledge of today’s industry.