Marketing မလုပ်ခင် ဒါလေးတွေ အရင်ဖတ်ကြည့်ပါ

Written by Dr. Min Chit Zaw | Mar 9, 2026 2:27:08 PM

လုပ်ငန်းရှင်တော်တော်များများဟာ Marketing Plan တွေ စဆွဲတော့မယ်ဆိုရင် ဘယ်ကနေစရမှန်းမသိဘဲ ဝေခွဲမရဖြစ်တတ်ကြပါတယ်။ Marketing ဆိုတာ ကြော်ငြာရုံသက်သက်မဟုတ်ဘဲ ခိုင်မာတဲ့ System (စနစ်) တစ်ခု ရှိနေဖို့က ပိုအရေးကြီးပါတယ်။

ဒါကြောင့် ကျွန်တော်တို့ AM Marketing Group အနေနဲ့ Client တွေနဲ့ မဆွေးနွေးခင်မှာ သူတို့ကိုယ်တိုင် ကြိုတင်စဉ်းစားထားနိုင်ဖို့နဲ့ Marketing အယူအဆတွေကို အလွယ်ကူဆုံး နားလည်စေဖို့ ရည်ရွယ်ပြီး "Walking Thoughts on Marketing" ဆိုတဲ့ PDF စာအုပ်ငယ်လေးကို ပြုစုထားပါတယ်။

ဒီစာအုပ်ထဲမှာ ဘာတွေပါမလဲ?

ရှုပ်ထွေးတဲ့ Marketing Theory တွေကို ကော်ဖီသောက်ရင်း စကားပြောသလိုမျိုး ပေါ့ပေါ့ပါးပါးနဲ့ ဗဟုသုတရအောင် ရေးသားထားတဲ့ Framework (၁၀) ခု ပါဝင်ပါတယ်။

  • The Golden Circle: ဘာရောင်းတာလဲဆိုတာထက် "ဘာကြောင့် လုပ်တာလဲ (Why)" က ဘာလို့ ပိုအရေးကြီးတာလဲ?
  • 7Ps vs 4Cs: ရောင်းသူဘက်ကအမြင်နဲ့ ဝယ်သူဘက်ကအမြင်ကို ဘယ်လိုဟန်ချက်ညီအောင် လုပ်မလဲ?
  • STP: လူတိုင်းကို လိုက်ရောင်းမယ့်အစား ကိုယ့်ရဲ့ "အသည်းစွဲ Customer" ကို ဘယ်လိုရွေးထုတ်မလဲ?
  • SWOT & PESTEL: ကိုယ့်ရဲ့ အားနည်းချက်ကို အခွင့်အရေးအဖြစ် ဘယ်လိုပြောင်းမလဲနဲ့ ပြင်ပက လှိုင်းလုံးတွေကို ဘယ်လိုစီးမလဲ?
  • AIDA: ဝယ်သူတွေ မျက်စိကျသွားအောင် စာသား (Content) တွေ ဘယ်လိုရေးမလဲ?

ဒါက ဘယ်သူတွေအတွက်လဲ?

  • ကိုယ်ပိုင်လုပ်ငန်း စတင်နေတဲ့ Business Owners များ
  • Marketing Strategy ကို စနစ်တကျ ပြန်လည်ပြင်ဆင်ချင်သူများ
  • ခေတ်နဲ့အညီ Marketing Concept အသစ်တွေကို လေ့လာချင်သူများ

Marketing ဆိုတာ ပိုက်ကွန်နဲ့ အကုန်ကျုံးတာမဟုတ်ဘဲ မှန်ကန်တဲ့ ငါးမျှားချိတ်နဲ့ ငါးရွေးမျှားတတ်ဖို့ပါ။ ဒီစာအုပ်က သင့်လုပ်ငန်းအတွက် အကောင်းဆုံး ငါးမျှားချိတ်တစ်ခု ဖြစ်လာစေမှာပါ။

အောက်က Link မှာ PDF ကို အခမဲ့ Download ရယူနိုင်ပါတယ်။

[Walking Thoughts on Marketing - PDF ကို ဤနေရာတွင် ရယူပါ]